Thursday, June 6, 2013

So it's fate! =)

This is the import post from Xanga dated 2nd February 2011. Since Xanga is planning to shut down and this is the post that I can't afford to lose, I just moved it to blogspot which I hope will exist for as long as I live. :D 

------------------------
ဖြစ်ပုံကဒီလို....

ဘာလိုလိုနဲ့ ၉လတောင်ပြည့်တော့မယ်။
လွန်ခဲ့တဲ့ ၁၀လတုန်းက သူ့ရဲ့တည်ရှိမှုက ကစ်တီရဲ့ အသိတရားထဲမှာ လုံးဝမရှိခဲ့ဘူး။ မထင်မှတ်ထားတဲ့ တစ်နေ့မှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်လေးနဲ့ သူနဲ့စတွေ့ခဲ့တယ်။

ပြန်တွေးကြည့်လိုက်တိုင်း အသည်းယားစရာတွေချည်ပဲ။
သူ့ကိုပထမဆုံးတွေ့ဖူးတာက facebook က သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ video တစ်ခုမှာ။ ရယ်ရလွန်းလို့ ကြည့်ကြည့်ချင်းမှာပဲ အဲဒီ video ကိုအရမ်းကြိုက်သွားခဲ့တာ။ Video ကြည့်နေတုန်းတော့ ဒီဘဲကြီးမဆိုးဘူးပေါ့။ Tag ထားတာ လေးယောက်လောက်ဆိုတော့ အဲဒီထဲမှာမှ သူနဲ့တူတဲ့ profile ကိုလိုက်ရှာပြီးကြည့်ခဲ့တယ်။ အဟိ.. သူငယ်ချင်း Bambi ကိုတောင် Video Link ပေးပြီး share ခဲ့သေးတယ်။ Comment တော့ မပေးတော့ပါဘူးဆိုပြီး အရမ်းပေးချင်တဲ့ comment ကိုသေသေချာချာမပေးပဲနေခဲ့တာ။

နောက်တစ်နေ့ ကျောင်းကအပြန် အဲဒီ့ video ထပ်ကြည့်မိတော့ .. ဟိဟိ... မနေနိုင်မထိုင်နိုင် comment ပေးပစ်လိုက်တယ်။ သိပ်မကြာပါဘူး.. ပြန် reply တယ်တော့။ ပြီးတော့ Friend request တဲ့။ ဟိ... ချက်ချင်း Accept ပစ်လိုက်တာပေါ့။ နောက်မှသိတယ်.. ဟိုဖက်မှာ ချက်ချင်း accept လို့ အံ့သြတဲ့သူက အံ့သြနေတာကိုး။

ကစ်တီက ဘဲကြီးလာ chat မလားလို့မျှော်နေတာ accept ပြီးကတည်းကပေါ့။ ကစ်တီက facebook မှာ Limited Profile ထဲကလူတွေကိုပဲ Chat ဖွင့်ထားတာကို နောက်မှသတိရပြီး သူ့ကိုချက်ချင်းကောက် add လိုက်တယ်။ ဟီး.. ခဏနေတော့... အသံကြားလို့ လှည့်ကြည့်လိုက်တော့ Arkar KantKaw တဲ့.. .. Chatbox လေးပွင့်လို့တော့။ ဟီးဟီး.. အဲဒီတုန်းက မှတ်မှတ်ရရ laptop ကိုကြောပေးပြီး ညစာစားနေတာ။ ၇နာရီလောက်ပေါ့နော်....။ စားတာရပ်ပြီး သွက်သွက်လေး ပြန်ပြောလိုက်တယ်။ Hi.. Min thar gyi လို့။ သူပြန်ပြောတာက.. သေရောတဲ့..။ Lolx.

ဖုန်းနံပါတ်ကို offer လုပ်ပြီးလိုတာရှိရင် အကူအညီတောင်းဖို့တဲ့။ သူကဖုန်းနံပါတ်ပေးတော့ ဒီဘက်မှာ ရေတွေကြီးတာ သူသိပါ့မလားနော်။ ပြန်ပေးရကောင်း၊ မပေးရကောင်း... မိ Bambi ကိုအပြေးသွားအပူကပ်တော့ .. သူကလည်း ပေးကြည့်ကြည့်ပေါ့တဲ့။ ဟီး.. မသိရင် မကြိုက်လို့ ပေးပြီးတဲ့ဖုန်းနံပါတ် ပြန်တောင်းလို့ရတာကျ..။ ဟီး.. ဂျေကေဘမ်ဘီ..။ သူပြန်ပေးဖို့အားပေးလိုက်လို့ အားတက်ပြီး ပြန်ပေးလိုက်တယ်။ .. ပျက်ချင်နေတဲ့ ဖုန်းလေးလည်း နေ့တိုင်း message ရိုက်ရလို့ နှစ်ပါတ်အတွင်းမှာပဲ သုံးစားလို့ မရအောင်ဖြစ်သွားတယ်။

စသိပြီး တစ်ပတ်လောက်နေတာ့ အပြင်မှာတွေ့တယ်။ Lunch စားစရာအဖော်မရှိလို့ပါလို့ ကိုယ့်ဟာကို excuse ပေးပြီး စာမေးပွဲတိုက်ပွဲထဲ ရောက်နေတဲ့သူကို တွေ့ရအောင်လို့ လှမ်းခေါ်တွေ့ခဲ့တာ..။ သူက magnet လိုပဲ ... ပထမဆုံးစတွေ့တဲ့နေ့ကတောင် သူ့ကိုတော်တော်နဲ့မခွဲချင်ဘူး။

စတွေ့ပြီး တစ်လကြာတော့ စချစ်မိတယ်။ Assignment တွေနဲ့လုံးပန်းနေရတာများတော့ လူလည်း မျော့မျော့ပဲကျန်တော့တယ်။ အဲဒီနေ့က မနက်ကျောင်း၊ နေ့လည်ကျတော့ သူငယ်ချင်းမွေးနေ့ပွဲ။ မွေးနေ့ကပြီးတော့ ၅နာရီ။ ၃နာရီလောက် သူ့စီ message ပို့ပြီး ညနေအားလားလို့ မေးလိုက်တယ်။ ကိုယ်ကိုတိုင်တောင် ဘာလို့တွေ့ချင်မှန်းမသိပဲ သူ့ကိုတွေ့ဖို့ချိန်းခဲ့တာ။ အဲဒီ့နေ့ကတော့ Crucial day ပဲ။

စချစ်ပြီးတဲ့ နောက်ပိုင်း လုံးဝရပ်မရအောင် အရမ်းချစ်သွားတော့တာပဲ။ hehehe.. I love you loads!

ခုနကပြောတယ်လေ... ပြန်တွေးကြည့်တိုင်း အသည်းယားတယ်ဆိုတာ.... ဘာလို့လဲဆိုတော့....
၁. တစ်ကယ်လို့ ကစ်တီ comment မပေးခဲ့ရင် လာ add မှာလားလို့ သူ့ကိုမေးတော့.. No တဲ့.. ဟင့်..
၂. တစ်ကယ်လို့ ကစ်တီ Limited profile ထဲကို သူ့ကို မထည့်ခဲ့ရင် သူနဲ့လည်း စသိခွင့်ရခဲ့မှာမဟုတ်ဘူး..
၃. ဈေးအရမ်းကိုင်ပြီး ဖုန်းနံပါတ်ပြန်မပေးခဲ့ရင်လည်း သူကစ်တီကို လိုက်ခဲ့မှာမဟုတ်ဘူးတဲ့....

Everything happens for a reason ဆိုတဲ့အတိုင်း သူနဲ့ဖူးစာပါလို့ အကုန်လုံး အလိုလိုဖြစ်သွားတာပေါ့နော်.. ဟီးဟီး.. 

https://www.facebook.com/photo.php?v=10150803543770554&set=vb.808170553&type=3&source=timeline_photo_set


Hehehehhe ~ မြန်မာလိုမရေးရတာကြာလို့ရယ်.. ဘလောဂ့်ချင်တာရယ်ကြောင့်ရေးလိုက်တာပါ ~ နောင်နှစ် ၃၊ ၄၀ ကြာတဲ့အခါ ဒီပိုစ့်ကို ပြန်ဖတ်ပြီး "သြော်... ဒီလိုဖြစ်ခဲ့တာပါလား" ဆိုပြီး မမေ့အောင်ပေါ့...။ keke =)